စစ်ကိုင်းမြို့ ရွှေမင်းဝံရပ် မင်းဝံတောင်ရိုး မဟာကံ့ကော်မြိုင်ကျောင်းတိုက် အောင်မင်္ဂလာကန်တော်ကြီး အတွင်း၌ တည်ထားကိုးကွယ်လျှက်ရှိသော အောင်မင်းခေါင် အောင်မြေသစ္စာဆုတောင်းပြည့် နဂါရုံ မြတ်စွားဘုရား တည်ထားပြီးစီး အောင်မြင်နိုင်ရေးအတွက် သဒ္ဒါတရား နည်းများမဆို ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း သဒ္ဒါကြည်လင် ပါရမီရှင်အပေါင်း သူတော်ကောင်းတို့ အား အသိပေးကြေငြာအပ်ပါသည်။ ဆက်သွယ်လှူဒါန်းရန် လိပ်စာ - စစ်ကိုင်းမြို့ ၊ ရွှေမင်းဝံရပ် ၊ မင်းဝံတောင်ရိုး ၊ မဟာကံ့ကော်မြိုင်ကျောင်းတိုက် (ဖုန်း-072 22320)

Monday, February 11, 2013


သံဝေဂ
သူ့ကိုလည်း ငါ မပိုင်၊
ငါ့ကိုလည်း သူ မပိုင်၊
ဘယ်သူကိုမှ ဘယ်သူ မပိုင်၊
ငါ့ကိုယ်သော်မှ ငါ မပိုင်၊
အချိန်တိုင်းက..
သူဖြစ်ချင်သလို ဖြစ်၊
ငါဖြစ်ချင်သလို မဖြစ်၊
လူကသော်လည်း သစ္စာကိုပစ်၊
သစ္စာကသော်လည်း လူကိုပစ်၊
စင်စစ်မုချ..
အမြဲမရှိ “အနိစ္စ”
ကြောက်စရာ “ဒုက္ခ”
အစိုးမရ “အနတ္တ” ပါတကား။
( ဒီပဲယင်း ဆရာတော် )

No comments:

Post a Comment